ဒီနေ့ သောကြာနေ့။ ထုံစံအတိုင်း ပင်နစူလာကို ညနေဘက် အစဉ်အလာ မပျက် ချီတက်ကြတယ်။ အရင်က ပုံမှန်သွားနေကျ ct hall mrt အိမ်သာဘက်လမ်းကို မရွေးပဲ.. ဟိုတုန်းက တစ်ယောက်သောသူကို စောင့်နေကျ raffle ဘက်အခြမ်းကနေထွက်လာခဲ့မိတယ်။ အရင်က ကြာသပတေးဆို ထိုင်စောင့်နေကျ လှေကားထစ် နေရာလေးကို မျက်စပစ်ကြည့်မိသေးတယ်။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။
ရုံးက ၁၅ မိနစ်လောက် စောထွက်လာမိတော့ သယ်ရင်းကို စောင့်နေ၇တယ်။ ပင်နစူလာ posb ဘဏ်ဘေး လှေကားနားမှာ မတ်တပ်ရပ်ရင်းပေါ့။ ထည့်မယ် မှန်းထားတဲ့ quick cheque မထည့်နိုင်ဘူး။ မီးမလာလို့တဲ့။ ဂွိ။ ဘဝဟောင်းတုန်းက တော်တော်ခင်တဲ့ ဘလော်ဂါ ကြီးက လာနှုတ်ဆက်တယ်။ ကိုယ်က အိုင်ဖုန်းနဲ့ ဂိမ်းကို အသဲအသန် ကစားနေတော့ သူကို သတိမထားမိဘူး။ သူနဲ့တော့ အခု အသစ်ထွက် ios 4 အကြောင်း.. jailbreakme အကြောင်း အာလူးဖုတ်တာပေါ့ဗျာ။ သူကိုတွေတော့ တစ်ယောက်သောသူကို အမှတ်တရ ပြန်တယ်။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။
စားသောက်ပီး ဝယ်စရာတွေ ဝယ်ပြီး ဒူရင်းသီးဘက် Merlion ဘက်ထွက်လာခဲ့တယ်။ အရင်က ကြာသပတေးနေတိုင်း ထိုင်နေကျ starbuck ကိုရောက်တယ်။ အရင်လိုပဲ ကော်ဖီ မသောက် ချောကလက် မစ်ရှိတ်သောက်တယ်။ အဲဒီရောက်တော့ အရင်ဘဝနေ့ရက်တွေကို သတိရသား။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။