Friday, July 27, 2012

မှတ်မိပါ့မလား မသိ


ဟိုတစ်ပတ်က မိန်းမကရာဇသံပေးတယ်။ ရှင့် ချစ်ချစ် (ချစ်ချစ်လို့တောင် ခေါ်ဖို့ထိုက်တန်ရဲ့လား မသိ သူယုတ်မာခဲ့တာတွေကြောင့်) ပေးထားတာတွေ ကုန်အောင်သုံး သိမ်းထားမနေနဲ့တော့တဲ့။ စိတ်မရှည်ရင် ကလေး ချီးကုန်းတဲ့ အခါ သုံးလိုက်မယ်ဆိုလို့ ကြောက်ကြောက်နဲ့ သုံးလိုက်ပါပီ။

Thursday, April 12, 2012

Unfaithful and me



မင်းသား ငပွေလေးနဲ့ မင်းသမီးတို့ ဒုတိယအကြိမ်တွေဆုံ တဲ့အခါ မင်းသမီးက မေးတာကို မင်းသားက ပြန်ဖြေတာပါ။

I think this is the mistake
There's no such thing as a mistake
There's what you do and what you don't do

မေးတာခြင်း အတူတူ သူကို ကျတော် ဆိုတဲ့ငပွေလေး ပြန်ဖြေတာကလည်း ဒီလိုပါတဲ့ဗျ ဒါဟာမှားယွင်းမှုတစ်ခုလားမှန်ကန်မှုတစ်ခုလား...
မှားတယ်လို့သတ်မှတ်ရင် ဒါဟာ မှားယွင်မှုတစ်ခုပ
ဲမှန်တယ်လို့ပြောရင်တော့ ဒါဟာမှန်ကန်မှုပဲ..
မှားတယ် မှန်တယ်ဆိုတာ ကိုယ့်ဆုံဖြတ်ချက်နဲ့ပဲ သက်ဆိုင်တယ်။

အဲ့သည် အခါမှာတော့ မင်းသမီးက *I can's do this *ဆိုပြီ့း ထွက်သွားတယ်ဗျ။

သူကတော့ ကျွန်တော်ကို ဘာမှ မပြောပဲ ကျွန်တော့် ရင်ခွင်ထဲကို ဝင်လာတာပါ။ ဝင်လာခဲ့ပါလို့ ကျွန်တော် မခေါ်ခဲ့ဘူးလို့ ထင်ပါတယ်။။

နောက်ပိုင်းမှာ မင်းသမီးယောက်ျားက ငပွေလေးနဲ့ တွဲနေတာကို ရိပ်မိပြီး စုံစမ်းပါတော့တယ်။ ငပွေမင်းသားကလည်း မင်းသမီးအပြင် တခြားသူတွေနဲ့ ခြေရှုပ်နေသေးသဗျ။ ဒီဇာတ်လမ်းမှာ တွေ့ရသလောက် မင်းသားငပွေက စတင်ဆက်သွယ်ခဲ့တာမဟုတ်ဘူးနော်။ ဒါပေမဲ့ ယောင်္ကျားတို့မာယာအတိုင်း ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်လေးကိုတော့ တနည်းနည်းနဲ့ ရအောင် ပေးလိုက်သဗျ။

ကျတော်ကကော သူ့ကို စတင်အင်ဗိုက်လုပ်ခဲ့တာလား။ သူက ကျတော့်ကို အင်ဗိုက်လုပ်တာလား။ လူကသာ ဘာမှမဟုတ်တယ် ကျတော်ဆိုတဲ့ကောင်က မာနခပ်ကြီးကြီး။ တော်ရုံနဲ့ ဘယ်သူကို မှ အင်ဗိုက်မလုပ်ခဲ့ဘူး။ သူတို့ချစ်သူ နှစ်ဦးကြား ဆက်ဆံရေးကိုလဲ ကျတော် ဖြတ်တောက်ပြစ်ရမယ်လို့ တစ်ခါမှမပြောခဲ့သလို ကျတော် တို့ တစ်သက်လုံးချစ်နေပါမယ်လို့ ကတိမပေးခဲ့ဘူး။ ၂ နှစ်တောင် အတူနေပါမယ်လို့ ကတိမပေးပေါင်။ ၂နှစ်ကျော်ရင်တော့ မိန်းမယူမယ်လို့ အရင်ကစီစဉ်ထားပါတယ်။

တစ်နေ့တော့ မင်းသားငပွေ အိမ်ကို မင်းသမီးယောင်္ကျားက ရောက်လာတယ်။ သူ့မိန်းမနဲ့ ဆက်ဆံရေးကို ပြောရင်း တစ်နေရာမှာ သူအမြတ်တနိုးပေးထားတဲ့ ဖန်လုံး အရုပ်ကလေးကို တွေ့တယ်။ နောက်ဆုံး တဖြည်းဖြည်းဒေါသထွက်လာပြီး အဲသည် ဖန်လုံးနဲ့ မင်းသားကို ရိုက်လိုက်တာ လက်လွန်သွားတယ်။ အဲသည် အရုပ်ကို မင်းသားငပွေက တောင်းယူထားတာလား။ မင်းသမီးက ပေးထားတာလား။ နောက်ဆုံးတော့ မင်းသမီးယောင်္ကျားရဲ့ လက်လွန်မှုနဲ့ ငပွေလေး သေဆုံးသွားတယ်။ တကယ်ဆို ကျွန်တော် ကတော့ မင်းသားငပွေကို သနားတယ်။ သူလို ချောမောတဲ့ ရုပ်ရည်မျိုးနဲ့ ဒီလို ကလေးတစ်ယောက်အမေ ဘာမှ မက်လောက်စရာမရှိတာ တစ်ခုနဲ့ သေးဆုံးရတယ်လို့။

ကျတော် ဆိုတဲ့ကောင်ကလဲ လည်မလိုလိုနဲ့ အတယ်။ သူလို ခြေရာမဖျောက်တတ်ဘူး။ သူလို လူမသိ သူမသိ အချိန်မှ မဟုတ်တဲ့ကားတွေ ဒေါင်းမကြည့်တတ်ဘူး။ ညနက်သန်းခေါင်မှ ဟိုဆိုဒ် ဒီဆိုဒ်တွေကို ဝင်ပြီး ကျူကျူစိန်မလုပ်တတ်ဘူး။ ကျတော် မလုပ်ဘူး မပြောဘူးနော်။ သူလို ခြေပုန်းမခုတ်တက်ဘူးပြောတာပါ။ အကြောင်းမတိုက်ဆိုင်တော့ လမ်းခွဲတာပေါ့ဗျာ။ ပြီးတော မှတ်မိနေသေးတဲ့ ရွှေ ဝတ္ထုတစ်ပုဒ်ထဲကလို အိမ်ရှင်က ကြက်သားချက်တိုင်း မစားရတဲ့ အိမ်ဖော်လေး။ တစ်နေ့တော့ မီးအပြတ်မှာ မီးဖိုချောင်ထောင့်တစ်နေရာမှာ ကြက်အသဲအမြစ်တုံးကလေးကို ကိုက်နေတဲ့ အိမ်ဖော်မလေးရဲ့ အကြောင်းတွေ)။ ကျတော် ဆိုတဲ့ကောင်က ကြက်သားလဲကြိုက်သလို ငပိရေတိုစရာမပါရင် ထမင်းမစားတတ်တာက ဂွကြတာပေါ့။ နောက်ဆုံး ကျတော်အဖြစ် မင်းသားငပွေလို သေဆုံးရတော့မှာလား။

မင်းသားငပွေးက မင်းသမီးယောင်္ကျား ဆော်တာကို ဘာမှ ပြန်လည် မတုံပြန်တာကလည်း အားမလို အားမရစရာပါ။ ဘာကြောင့်မတုန့်ပြန်တာလဲ။ အလစ်မိသွားတာလား။ နောက်ဆုံးတော့ မင်းသမီးတို့လင်မယားရယ် ကလေးလေးရယ်ဟာ အဖမ်းမခံရပဲ လုံခြုံတဲ့ တစ်နေရာရာကို တိမ်းရှောင် ပြေးပါတော့တယ်။ အဲသလို ထွက်ပြေးလို့ကော လုံခြုံပါမတဲ့လား။ အပြင်ပန်းသာ လုံခြုံမပေါ့။ အတွင်းစိတ်က လုံခြုံပါမလားလေ။ သူ့အနေနဲ့ လုံခြုံတယ်ဆိုရင်တော့လဲ လုံခြုံပါစေပေါ့။ လူမသိ သူမသိ နဲ့ သေသွားရတဲ့ ကျတော်ဘဝတစ်စိတ်ပိုင်းဟာ မင်းသားငပွေးလို တစ်ခါထဲ သေးသွားရင် ဘယ်လောက်ကောင်းမလဲ။..

နောက်ဆုံးချုပ်ရရင် ဒီကားလေးကို ကြည့်ပြီး မင်းသားငပွေးကို သနားမိတယ်။ သူခမျာ. ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက် နဲ့ သေးဆုံးရတယ်။ သူလို ခပ်ချောချော တစ်ယောက်ဟာ မိန်းမချောတော အများကြီး ရနိုင်ပါသေးတယ်။ မင်းသမီးနဲ့ ဇာတ်လမ်းမှာလဲ သူက စခဲ့တာမဟုတ်ဘူး။ မိန်းမတွေများ သိပ်ကြောက်ဖို့ကောင်းတယ်။ မိန်းမတွေထက် ကြောက်ဖို့ကောင်းတာ ဘယ်သူတွေလဲ။ သူတို့က ဇာတ်လမ်းစတယ်။ နောက်ဆုံးခံရတာက ကျွန်တော်တို့ ယောင်္ကျားတွေပဲ။ သူလို ခပ်ချောချော တစ်ယောက်ဟာ မြာပွေတာဟာ မဆန်းဘူးလို့ထင်ပါတယ်။ မင်းသမီးလို ကလေးတစ်ယောက်အမေ ပုံမလာပန်းမလာ ကို ဘယ်သူက ရေရှည် ကြိုက်မှာလဲ။ ခနတာ အတွက် ဆိုရင်တော့ တစ်မျိုးပေါ့။ နောက်ဆုံးတော့ မင်းသားငပွေးခမျာ လူမသိ သူမသိ သူ့ဘဝ သေးဆုံးသွားရတာ ကျတော်အတွက်တော့ မတန်ဘူးဗျာာာာာ။

(လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သည်)

Friday, March 25, 2011

တစ်ခါတလေတော့လည်း

တစ်ခါတလေတော့လည်း ကိုယ်ကိုကိုယ် အားမရဘူး။ တစ်ခါတလေတော့ လည်း လုပ်ချင်တာတွေ အရမ်းများနေတယ်။ တစ်ခါတလေတော့လည်း ဘာမှမလုပ်ဖြစ်ဘူး။

ငယ်ငယ်တုန်းက အင်္ဂလိပ်စာကို သေသေချာချာ မသင်ခဲ့တဲ့ အတွက် ကိုယ်ကိုကိုယ်နောင်တရနေမိတယ်။ ငယ်ငယ်တုန်းက မြန်မာဂီတ အခြေခံကို မသင်ခဲ့တဲ့အတွက် ကိုယ်ကိုကိုယ်နောင်တရနေမိတယ်။

တစ်ခါတလေတော့လည်း သူများတွေလို အလုပ်ထွက် တရားစခန်းလေး ဘာလေးဝင်.. ဟိုနိုင်ငံ ဒီနိုင်ငံလျှောက်လည် နိုင်ရင်ကောင်းမလား။ သူတို့ကတော့ အလုပ်ထွက်နိုင် လျှောက်လည် နိုင်တာပေါလေ။ စင်္ကာပူ နိုင်ငံသား တစ်ဝက်ကိုး။။။ ဘာဂရုစိုက်စရာလဲနော်။။။

တစ်ခါတလေတော့လည်း…….

Thursday, October 21, 2010

Catcha Mouse




ခုတလော ကြွက်တစ်ကောင်နဲ့ အလုပ်ရှုပ်နေတယ်။ ဘာလို့ဆို. သူနဲ့ ကိုယ်နဲ့ အားပြိုင်နေတာ။ ခုတောင် တော်တော်လေး ခရီရောက်နေပြီ။ တစ်ခါတစ်ခါ သူက လက်ဦးသွားသလို တစ်ခါတစ်ခါတော့ ကိုယ်ထောင်ချောက်ထဲကို သူရောက်သွားတယ်။

အဲဒီကြွက်က အကောင်သာသေးပေမဲ့ ပရိယာယ်ကြွယ်သား။ ကိုယ့်မှာ သူ့ကို ပညာပေးဖို့ ဘယ်လိုအကွက်ရွှေ့ရမလဲလို့ စဉ်းစားနေရတယ်။ တစ်ခါတလေ သူကို ပိတ်မိစေဖို့ အကွက်ဆင်ရသလို တစ်ခါတခါတော့ ကိုယ်ရဲ့နယ်မြေကို ကိုယ်ကာကွယ်ရတယ်။

ဒီလိုနဲ့ပဲ ကျတော် ဒီတစ်ပတ်အတွင်း Catch a Mouse ဂိမ်းလေးနဲ့ နပန်းလုံးနေတယ်လေ။ တစ်ခါတလေ ခင်ဗျားကို လက်ခုပ်တီးအားပေးတဲ့ ပရိသတ်ရဲ့ အသံကို ကြားလို့ အာတက်နိုင်သလို ကြွက်ကလေးရဲ့ အော်သံလေးကိုလည်း ကြားနိုင်ပါတယ်။

လိုချင်ရင်တော့ Mediafire လင့်မှာဒေါင်းပါ၊ Jailbroken အိုင်ဖုန်းတွေ အတွက်ပါ။
http://www.mediafire.com/?0nkqxnbkzny

ဝယ်မယ်ဆိုရင်တော့ ၉၉ပြားပါ။

Monday, September 13, 2010

Iphone Restriction Passcode Reset

ဟိုတစ်နေ့က ကျတော့ ညီအတွက် iphone တစ်လုံးဝယ်ပေးလိုက်တယ်။ အသစ်မဟုတ်ဘူးဗျ။ second လေးပါ။ 3GS ၃၂ဂစ် ကို ၇၀၀ ပေးရတယ်။ တန်တယ်လို့ပြောရမလားပဲ။

ဒါနဲ့ပါလာတဲ့ data တွေကို အလွယ်ဆုံး ဖျတ်ဖို့ Reset all settings ကနေဖြတ်မယ်ပေါ့။ Setting တွေကို Reset လုပ်မယ်လုပ်တော့ Restriction passcode တောင်းနေတယ်။ ဒါနဲ့ အရင် ဖုန်းပိုင်ရှင်ကို ပြန်မေးတော့ သူဘာမှမလုပ်ပါဘူးတဲ့။ ဒါဆို passcode ကိုပြုတ်အောင် ဘယ်လို လုပ်၇မလဲ လိုက်မွှေရှာကြည့်တော့ နည်းလမ်းတွေ့တယ်ဗျ။ ဖုန်းထဲက /var/mobile/library/preferences/ ကိုဝင် "com.apple.springboard.plist” ကို ဖျတ်လိုက်ရင် အိုကေမယ်တဲ့။ ဒါနဲ့ ဒီကောင်ကို ဝင်ဖို့တော့ နည်း အမျိုးမျိုးရှိတယ်။ winscp424 ဝင်ချင်ဝင်. ဒါမှမဟုတ် iphone application suite နဲ့လဲ ရတယ်။ ဒါမှမဟုတ် ifile ကနေဝင်ချင်ဝင်.. ဒါတွေ သုံးဖို့ ဖုန်းကတော့ jailbroken ဖြစ်ရပါမယ်။

ကျတော်ကတော့ ifile ကနေဝင်ပြီး ဖြတ်ချလိုက်တယ်။ တစ်ချို့ကတော့ အဲဒီထဲက ဒေတာတွေကို ဝင်ပြင်ရင် အဲဒီဖိုင်ကို ဖြတ်စရာမလိုဘူးဆိုပဲဗျ။ "com.apple.springboard.plist” ဖြတ်လိုက်တော့ ဖုန်းထဲမှာ သွင်းထားတဲ့ app တွေကို alphabetically ပြန်စီသွားတယ်။ winterboard setting ပြန်ချိန်ပေးရမယ်။ keyboard setting တွေ ပြန်ချိန်ပေး၇မယ်။ ဒါက တော့ အားနည်းချက်ပဲ။

လိုအပ်ရင် သုံးကြည့်ပါ…။

Friday, August 13, 2010

ကိုသားကြီး (ဒွေး) ကိုသတိရတယ် ပြီးတော့ မချိပြုံးလေးတွေနဲ့ပေါ့

ဒီနေ့ သောကြာနေ့။ ထုံစံအတိုင်း ပင်နစူလာကို ညနေဘက် အစဉ်အလာ မပျက် ချီတက်ကြတယ်။ အရင်က ပုံမှန်သွားနေကျ ct hall mrt အိမ်သာဘက်လမ်းကို မရွေးပဲ.. ဟိုတုန်းက တစ်ယောက်သောသူကို စောင့်နေကျ raffle ဘက်အခြမ်းကနေထွက်လာခဲ့မိတယ်။ အရင်က ကြာသပတေးဆို ထိုင်စောင့်နေကျ လှေကားထစ် နေရာလေးကို မျက်စပစ်ကြည့်မိသေးတယ်။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

ရုံးက ၁၅ မိနစ်လောက် စောထွက်လာမိတော့ သယ်ရင်းကို စောင့်နေ၇တယ်။ ပင်နစူလာ posb ဘဏ်ဘေး လှေကားနားမှာ မတ်တပ်ရပ်ရင်းပေါ့။ ထည့်မယ် မှန်းထားတဲ့ quick cheque မထည့်နိုင်ဘူး။ မီးမလာလို့တဲ့။ ဂွိ။ ဘဝဟောင်းတုန်းက တော်တော်ခင်တဲ့ ဘလော်ဂါ ကြီးက လာနှုတ်ဆက်တယ်။ ကိုယ်က အိုင်ဖုန်းနဲ့ ဂိမ်းကို အသဲအသန် ကစားနေတော့ သူကို သတိမထားမိဘူး။ သူနဲ့တော့ အခု အသစ်ထွက် ios 4 အကြောင်း.. jailbreakme အကြောင်း အာလူးဖုတ်တာပေါ့ဗျာ။ သူကိုတွေတော့ တစ်ယောက်သောသူကို အမှတ်တရ ပြန်တယ်။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

ထမင်းစားတော့ စားနေကျ ဆိုင်မှာ။ လူများတော့ နေရာမနည်းယူရတယ်။ ဒန်ပေါက်စားမယ် ဆိုပြီး မှာတော့ ဒန်ပေါက်က ကုန်ပီတဲ့။ ဘာပဲပြောပြော အဲဒီဆိုင်က ဒန်ပေါက်က စလုံးမှာ စားဖူးသမျှ အကောင်းဆုံးပဲ။ ရောက်ရင် စားကြည့်။ ဒါနဲ့ ကြေးအိုးဆီချက် မှာတယ်။ သယ်ရင်းတွေကတော့ ထမင်းစားကျတယ်။ အသားဟင်းတစ်ခွက် အရွက်ကြော်တစ်ပွဲ ၅ကျပ်တဲ့။ အသားတစ်ခွက် အရွက်ကြော် တစ်ပွဲ အသုပ်တစ်ပွဲ ၅ကျပ် ၄၀ပြား။ ဈေးများတယ် မများဘူး ဆိုတာ လူတိုင်းသိတယ်။ food court မှာစားရင် ၃ကျပ်ခွဲဆို ဘောင်းလန်။ ဒါပေမဲ့ မြန်မာလေ မျိုးချစ်စိတ် အပြည့်နဲ့ မြန်မာ ဆိုင်မှာပဲ စားတယ်။ ကြေးအိုးဆီချက်ရောက်လာတယ်။ ခါတိုင်းလောက် စားမကောင်းဘူး။ ဖြစ်သလိုလေး။ အရွက်မပါဘူး။ ဘာပဲပြောပြော ကိုသားကြီး(ဒွေး) ကို သတိရတယ်။ ကိုသားကြီး ကျေးဇူးတွေလေ။ ကိုသားကြီး ကျေးဇူးတွေလေ။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

စားသောက်ပီး ဝယ်စရာတွေ ဝယ်ပြီး ဒူရင်းသီးဘက် Merlion ဘက်ထွက်လာခဲ့တယ်။ အရင်က ကြာသပတေးနေတိုင်း ထိုင်နေကျ starbuck ကိုရောက်တယ်။ အရင်လိုပဲ ကော်ဖီ မသောက် ချောကလက် မစ်ရှိတ်သောက်တယ်။ အဲဒီရောက်တော့ အရင်ဘဝနေ့ရက်တွေကို သတိရသား။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

ဘာပဲပြောပြော ဒီအပတ် သောကြာနေ့ ကိုသားကြီး ကို သတိရတယ်။ ပြီးတော့ မချိပြုံးလေးနဲ့ပေါ့။

Saturday, August 7, 2010

itunes top songs for July


myanmarmp3album.com မှာ ပေတူး တင်ထားတဲ့ July top songs တွေကို ဒီမှာ အမှတ်တရအနေနဲ့ လင့်တွေ ပြန်တင်ထားတာပါ။