Thursday, October 21, 2010

Catcha Mouse




ခုတလော ကြွက်တစ်ကောင်နဲ့ အလုပ်ရှုပ်နေတယ်။ ဘာလို့ဆို. သူနဲ့ ကိုယ်နဲ့ အားပြိုင်နေတာ။ ခုတောင် တော်တော်လေး ခရီရောက်နေပြီ။ တစ်ခါတစ်ခါ သူက လက်ဦးသွားသလို တစ်ခါတစ်ခါတော့ ကိုယ်ထောင်ချောက်ထဲကို သူရောက်သွားတယ်။

အဲဒီကြွက်က အကောင်သာသေးပေမဲ့ ပရိယာယ်ကြွယ်သား။ ကိုယ့်မှာ သူ့ကို ပညာပေးဖို့ ဘယ်လိုအကွက်ရွှေ့ရမလဲလို့ စဉ်းစားနေရတယ်။ တစ်ခါတလေ သူကို ပိတ်မိစေဖို့ အကွက်ဆင်ရသလို တစ်ခါတခါတော့ ကိုယ်ရဲ့နယ်မြေကို ကိုယ်ကာကွယ်ရတယ်။

ဒီလိုနဲ့ပဲ ကျတော် ဒီတစ်ပတ်အတွင်း Catch a Mouse ဂိမ်းလေးနဲ့ နပန်းလုံးနေတယ်လေ။ တစ်ခါတလေ ခင်ဗျားကို လက်ခုပ်တီးအားပေးတဲ့ ပရိသတ်ရဲ့ အသံကို ကြားလို့ အာတက်နိုင်သလို ကြွက်ကလေးရဲ့ အော်သံလေးကိုလည်း ကြားနိုင်ပါတယ်။

လိုချင်ရင်တော့ Mediafire လင့်မှာဒေါင်းပါ၊ Jailbroken အိုင်ဖုန်းတွေ အတွက်ပါ။
http://www.mediafire.com/?0nkqxnbkzny

ဝယ်မယ်ဆိုရင်တော့ ၉၉ပြားပါ။

Monday, September 13, 2010

Iphone Restriction Passcode Reset

ဟိုတစ်နေ့က ကျတော့ ညီအတွက် iphone တစ်လုံးဝယ်ပေးလိုက်တယ်။ အသစ်မဟုတ်ဘူးဗျ။ second လေးပါ။ 3GS ၃၂ဂစ် ကို ၇၀၀ ပေးရတယ်။ တန်တယ်လို့ပြောရမလားပဲ။

ဒါနဲ့ပါလာတဲ့ data တွေကို အလွယ်ဆုံး ဖျတ်ဖို့ Reset all settings ကနေဖြတ်မယ်ပေါ့။ Setting တွေကို Reset လုပ်မယ်လုပ်တော့ Restriction passcode တောင်းနေတယ်။ ဒါနဲ့ အရင် ဖုန်းပိုင်ရှင်ကို ပြန်မေးတော့ သူဘာမှမလုပ်ပါဘူးတဲ့။ ဒါဆို passcode ကိုပြုတ်အောင် ဘယ်လို လုပ်၇မလဲ လိုက်မွှေရှာကြည့်တော့ နည်းလမ်းတွေ့တယ်ဗျ။ ဖုန်းထဲက /var/mobile/library/preferences/ ကိုဝင် "com.apple.springboard.plist” ကို ဖျတ်လိုက်ရင် အိုကေမယ်တဲ့။ ဒါနဲ့ ဒီကောင်ကို ဝင်ဖို့တော့ နည်း အမျိုးမျိုးရှိတယ်။ winscp424 ဝင်ချင်ဝင်. ဒါမှမဟုတ် iphone application suite နဲ့လဲ ရတယ်။ ဒါမှမဟုတ် ifile ကနေဝင်ချင်ဝင်.. ဒါတွေ သုံးဖို့ ဖုန်းကတော့ jailbroken ဖြစ်ရပါမယ်။

ကျတော်ကတော့ ifile ကနေဝင်ပြီး ဖြတ်ချလိုက်တယ်။ တစ်ချို့ကတော့ အဲဒီထဲက ဒေတာတွေကို ဝင်ပြင်ရင် အဲဒီဖိုင်ကို ဖြတ်စရာမလိုဘူးဆိုပဲဗျ။ "com.apple.springboard.plist” ဖြတ်လိုက်တော့ ဖုန်းထဲမှာ သွင်းထားတဲ့ app တွေကို alphabetically ပြန်စီသွားတယ်။ winterboard setting ပြန်ချိန်ပေးရမယ်။ keyboard setting တွေ ပြန်ချိန်ပေး၇မယ်။ ဒါက တော့ အားနည်းချက်ပဲ။

လိုအပ်ရင် သုံးကြည့်ပါ…။

Friday, August 13, 2010

ကိုသားကြီး (ဒွေး) ကိုသတိရတယ် ပြီးတော့ မချိပြုံးလေးတွေနဲ့ပေါ့

ဒီနေ့ သောကြာနေ့။ ထုံစံအတိုင်း ပင်နစူလာကို ညနေဘက် အစဉ်အလာ မပျက် ချီတက်ကြတယ်။ အရင်က ပုံမှန်သွားနေကျ ct hall mrt အိမ်သာဘက်လမ်းကို မရွေးပဲ.. ဟိုတုန်းက တစ်ယောက်သောသူကို စောင့်နေကျ raffle ဘက်အခြမ်းကနေထွက်လာခဲ့မိတယ်။ အရင်က ကြာသပတေးဆို ထိုင်စောင့်နေကျ လှေကားထစ် နေရာလေးကို မျက်စပစ်ကြည့်မိသေးတယ်။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

ရုံးက ၁၅ မိနစ်လောက် စောထွက်လာမိတော့ သယ်ရင်းကို စောင့်နေ၇တယ်။ ပင်နစူလာ posb ဘဏ်ဘေး လှေကားနားမှာ မတ်တပ်ရပ်ရင်းပေါ့။ ထည့်မယ် မှန်းထားတဲ့ quick cheque မထည့်နိုင်ဘူး။ မီးမလာလို့တဲ့။ ဂွိ။ ဘဝဟောင်းတုန်းက တော်တော်ခင်တဲ့ ဘလော်ဂါ ကြီးက လာနှုတ်ဆက်တယ်။ ကိုယ်က အိုင်ဖုန်းနဲ့ ဂိမ်းကို အသဲအသန် ကစားနေတော့ သူကို သတိမထားမိဘူး။ သူနဲ့တော့ အခု အသစ်ထွက် ios 4 အကြောင်း.. jailbreakme အကြောင်း အာလူးဖုတ်တာပေါ့ဗျာ။ သူကိုတွေတော့ တစ်ယောက်သောသူကို အမှတ်တရ ပြန်တယ်။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

ထမင်းစားတော့ စားနေကျ ဆိုင်မှာ။ လူများတော့ နေရာမနည်းယူရတယ်။ ဒန်ပေါက်စားမယ် ဆိုပြီး မှာတော့ ဒန်ပေါက်က ကုန်ပီတဲ့။ ဘာပဲပြောပြော အဲဒီဆိုင်က ဒန်ပေါက်က စလုံးမှာ စားဖူးသမျှ အကောင်းဆုံးပဲ။ ရောက်ရင် စားကြည့်။ ဒါနဲ့ ကြေးအိုးဆီချက် မှာတယ်။ သယ်ရင်းတွေကတော့ ထမင်းစားကျတယ်။ အသားဟင်းတစ်ခွက် အရွက်ကြော်တစ်ပွဲ ၅ကျပ်တဲ့။ အသားတစ်ခွက် အရွက်ကြော် တစ်ပွဲ အသုပ်တစ်ပွဲ ၅ကျပ် ၄၀ပြား။ ဈေးများတယ် မများဘူး ဆိုတာ လူတိုင်းသိတယ်။ food court မှာစားရင် ၃ကျပ်ခွဲဆို ဘောင်းလန်။ ဒါပေမဲ့ မြန်မာလေ မျိုးချစ်စိတ် အပြည့်နဲ့ မြန်မာ ဆိုင်မှာပဲ စားတယ်။ ကြေးအိုးဆီချက်ရောက်လာတယ်။ ခါတိုင်းလောက် စားမကောင်းဘူး။ ဖြစ်သလိုလေး။ အရွက်မပါဘူး။ ဘာပဲပြောပြော ကိုသားကြီး(ဒွေး) ကို သတိရတယ်။ ကိုသားကြီး ကျေးဇူးတွေလေ။ ကိုသားကြီး ကျေးဇူးတွေလေ။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

စားသောက်ပီး ဝယ်စရာတွေ ဝယ်ပြီး ဒူရင်းသီးဘက် Merlion ဘက်ထွက်လာခဲ့တယ်။ အရင်က ကြာသပတေးနေတိုင်း ထိုင်နေကျ starbuck ကိုရောက်တယ်။ အရင်လိုပဲ ကော်ဖီ မသောက် ချောကလက် မစ်ရှိတ်သောက်တယ်။ အဲဒီရောက်တော့ အရင်ဘဝနေ့ရက်တွေကို သတိရသား။ ကိုယ်ဟာကို မချိပြုံးလေးနဲ့ပေါ.။

ဘာပဲပြောပြော ဒီအပတ် သောကြာနေ့ ကိုသားကြီး ကို သတိရတယ်။ ပြီးတော့ မချိပြုံးလေးနဲ့ပေါ့။

Saturday, August 7, 2010

itunes top songs for July


myanmarmp3album.com မှာ ပေတူး တင်ထားတဲ့ July top songs တွေကို ဒီမှာ အမှတ်တရအနေနဲ့ လင့်တွေ ပြန်တင်ထားတာပါ။

Sunday, July 18, 2010

ခမာ တို့မြေ ကမ္ဘောဒီယားသို့ တစ်ခေါက် (အပိုင်း ၁)

ဒီနှစ်ထဲမှာ သွားမယ်လို့ ရည်ရွယ်ထားတဲ့ ခမာ တို့မြေ ကမ္ဘောဒီယား ကိုမသွားဖြစ်တော့မဲ့ အကြောင်းတွေ ဖန်လာခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ရောက်ရှိခဲ့ပါတယ်။

သွားဖို့ တစ်ပတ်လောက် အထိ ရုံးက ခွင့်မရသေးတော့ ရင်တမမနဲ့ပါ။ ကံကြမ္မာရဲ့ ဖေးမမှုကြောင့် ခမာတို့မြေကို ၃ညအိပ် ၄ရက် ခရီးလည်ပတ်ခွင့်ရခဲ့ပါတယ်။

ခမာလို့ ကျတော်တို့ခေါ်တဲ့ Khmer or ခမိုင် / ခမွိုင် လူမျိုးတွေကို မြင်ရတော့ အမိမြေကိုပဲ ပြန်ရောက်သွားသလို ခံစားရပါတယ်။ ဖနွမ်းပင် အင်တာနေရှင်နယ် လေဆိပ်လို့ နာမည်တပ်ထားပေမဲ့ ကျတော်တို့ မြန်မာပြည်က ပုဂံ/ စစ်တွေ လေဆိပ်လောက်ပဲ ကျယ်ဝန်းပါတယ်။ စက်ပစ္စည်းတွေကတော့ နိုင်ငံတကာ အဆင့်ရှိပါတယ်။


ဒါပေမဲ့ ကျတော်တို့ ဆီကလို ရွှေကြိုလုပ်တဲ့ ပွဲစားတွေမတွေ့ရပဲ စနစ်ကျစွာနဲ့ အေးဆေးပါ။ ကမ္ဘောဒီယား ရဲ့ပြည်ဝင်ခွင့်က ဆိုက်ရောက်ဗီဇာ စနစ်ပါ။ ဒါပေမဲ့ ကျတော်တို့ ခရီးစဉ်ကို စီစဉ်တဲ့ သယ်ရင်းအစ်ကိုတွေက ဝိရိယကြီးစွာနဲ့ စလုံးကတည်းက ဗီဇာလျောက်ထားတော့ လေဆိပ်မှာ စောင့်စရာမလိုပဲ လဝကကို အလွယ်တကူ ဖြတ်သန်းခဲ့ပါတယ်။ ဗီဇာကြေးက US $20 ပါ။

လေဆိပ်အထွက်မှာ တက္ကစိကို US ၉ကျပ်ပေးပီး ကျတော်တို့ရဲ့ ဦးတည်ရာ အန်ကောဝပ်ရှိရာ Siem Reapဆီကိုသွားဖို့ ကားဂိတ်ဆင်းလာခဲ့ပါတယ်။ လေဆိပ်ကနေ အန်ကောဝပ်သွားတဲ့ ကားကြီးတွေရှိရာကို ၃၀မိနစ်ခန့်တက္ကစီ စီးရပါတယ်။ ခရီးစီစဉ်တဲ့ သယ်ရင်းအစ်ကိုတွေရဲ့ ပထမအစီအစဉ်က Mekong express နဲ့သွားဖို့ပါ။ တက္ကစီ သမားရဲ့ စွဲဆောင်မှုကြောင့် မူလစီစဉ်ထားတဲ့ မဲခေါင် ကားတွေနဲ့ မသွားတော့ပဲ Paramount Angkor Express နဲ့ သွားဖြစ်လိုက်ပါတယ်။အဲ့ဒီမှာ ငါးပါးမှောက်တာပဲ။ ကားခက us 10ပါ။ ကားတွေကတော့ အမြင့် high desk တွေပါ။ ကားဂိတ်တွေကို စုံစမ်းနိုင်တဲ့ လင့်ပါ။ Mekong နဲ့သွားပါလို့ recommend ပေးလိုက်ပါတယ်။ Mekong က ၁၁ကျပ်ပါ။



ကားက ၁၂နာရီမှထွက်မှာဆိုတော့ အချိန်ပိုနေသေးတဲ့ ကျတော်တို့တွေ ကားဂိတ်ပတ်ဝန်ကျင်ကို ခြေဆန့်ခဲ့ကြပါသေးတယ်။ ခမာတို့မြေဟာ ကျတော်တို့ မြန်မာနိုင်ငံနဲ့ နေထိုင်မှု စရိုက် အတော်လေး ဆင်ပါတယ်။ စလုံးမှာ မစားရဲ့ သရက်သီး အချဉ်ပေါင်းတွေ နာနတ်သီးတွေကို စားခဲ့ကြပါသေးတယ်။

လေယာဉ်ပေါ်မှာ ထမင်းကျွေးထားတာမို့လို့ ကျတော်တို့ အဖွဲ့တွေ နေလည်စာကို ကြိုပီးမစားဖြစ်ကြပါဘူး။ လမ်းမှာကားရပ်ရင် ရောက်တဲ့ နေရာမှာ စားမယ်လို့ အများစုက တေးထားကြပါတယ်။ ကျတော်နဲ့ အစ်မနန္ဒာက ဗိုက်အနည်းငယ် ဆာလာတာနဲ့ ကားဂိတ်နားက ထမင်းဆိုင်မှာ ကားထွက်ခါနီး အပြေးသွားစားလိုက်ပါတယ်။ ထမင်း နဲ့ ဟင်းရယ် မှ US 1 ကျပ်ပါ။ အရသာက အလွန်ကောင်းပါတယ်။ ဝက်သားရယ် ငါးဟင်းရယ် မှာစားပါတယ်။ ငါးရံ့လို ငါးကို ပဲရည်နဲ့ချက်ပီး သရက်သီးစိမ်းလေးတွေ အုပ်ထားတဲ့ ဟင်းကတော့ ကျွန်တော့ တစ်သက် အဲ့ဒီအရသာကို မေ့မယ် မထင်ပါဘူး။ စားပြီးတော့ လဖက်ရည် အအေး (Iced Green tea) တိုက်ပါတယ်။

ကြက်မောက်သီးနဲ့ လိုင်ချီးသီးတွေကို ကားဂိတ်နဲ့ အနည်းငယ်ဝေးတဲ့ သစ်သီးဈေးကနေ ကျတော်တို့ သွားဝယ်ခဲ့ကြပါသေးတယ်။ လိုင်ချီးသီးရဲ့ အရသာဟာ အတော်လေးကို ချိုပါတယ်။ အသားလဲ အရမ်းထူပါတယ်။

ဖနွမ်းပင်ကနေ အန်ကောဝပ်ကို ၆နာရီနီးပါး ကားစီးရပါတယ်။ လမ်းတစ်လျှောက်ရွာလေးတွေ မြို့လေးတွေဟာ ကျတော်တို့ နိုင်ငံက ကျိုက်ထို၊ ဘီးလင်း၊ သံဖြူဇရပ်၊ ကျိုက်ကော် ဘက်က ရွာလေးတွေ မြို့လေးတွေလို ထင်ရလောက်အောင် တော်တော်ကို ယဉ်ကျေးမှု နေထိုင်မှုစရိုက်တူပါတယ်။ ခမာအင်ပါယာ ဖြစ်ခဲ့ဘူးတဲ့ ကျတော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းတွေဟာ ခမာတွေရဲ့ အငွေ့အသက် ပါနေတာ မဆန်းဘူးလို့ ဆိုနိုင်ပေမဲ့ တစ်ချိန်က ခမာအင်ပါယာကြီးကို လွမ်းမောမိနေတာကတော့ ကျတော့်ကို ကျတော် မဆန်းစစ်နိုင်ခဲ့ပါဘူး။

Friday, June 25, 2010

Unlimtone or ringtones for jailbroken iphone

ပေတူး ဒီနေ့ ရှဲလ် ချင်တာကတော့ Unlimtones လို့ခေါ်တဲ့ Ringtones ဒေါင်းလုပ် ပရိုဂ၇မ်လေးပါ။ သူကိုတော့ Jailbreak အိုင်ဖုန်းတွေမှာ သာ အလုပ်လုပ်ပါတယ်။ Cydia ကနေတဆင့် သွားပြီး ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။ မိမိကြိုက်တဲ့ သီချင်းလေးတွေကို ပရိုဂရမ်းလေးထဲမှာ ရှာပြီး စိတ်ကြိုက်ကို ဒေါင်းလုပ်ထားလို့ရပါတယ်။


ပေတူး စမ်းတာကတော့ ကောင်းပါတယ်။ စမ်းကြည့်တာ 3g ကော်နက်ရှင်မှာ tones တွေကို နားထောင်လို့ရပီး wifi ကော်နက်ရှင်မှာ tonesတွေကို အစမ်းနားထောင်တာ မရဘူးဗျ။ စမ်းကြည့်ကြပါအုံး။


ကိုယ်စိတ်ကြိုက် သီချင်းကို ဖြတ်ညှပ်ကပ်ပြီး ringtone လုပ်ချင်ရင်တော့ Anyring ဆိုတဲ့ ပရိုဂရမ်ကို သုံးပါ။ သူကိုလဲပဲ jailbroken အိုင်ဖုန်းတွေမှာသာ အဆင်ပြေပါလိမ့်မယ်။ သူက ၁၅ရက် ဖရီးပေးထားပါတယ်။ ၁၅ရက် ပြည့်သွားပီးရင်တော့ ဝယ်ပေါ့ဗျာ။ မဝယ်ချင်ရင် ပေတူး ဆီမှာ crack repo ရှိတယ်ဗျ။ လိုချင်ရင် ပြောပါ။

Friday, June 18, 2010

arakan thu, rakhine thu, ရခိုင်သူ

ဒီသီချင်းလေးကို ပေးတူးတို့ မိသားစု စစ်တွေဘက်ကို အလည်သွားတုံးက ပေတူးဝယ်ခဲ့တာပါ။

အဲဒီနေ့က ထမင်းဆိုင်မှာ ထမင်းစားနေတုံး မားမားက သူတို့ ပုံမှန်သောက်နေကျ ဆေးတစ်မျိုးကုန်နေတာနဲ့ ပေးတူးကို ဝယ်ခိုင်းတယ်။ လမ်းတစ်ဖက် ဆေးဆိုင်မှာ ပေးတူး ဆေးသွားဝယ်ပေးရင် အဲဒီ သီချင်းကြော်ငြာကို တွေ့တာနဲ့ ဝယ်ခဲ့တာဗျ။

သီချင်းကြော်ငြာကတော့ သိတဲ့အတိုင်း တုတ်တုတ်ပေါ်မှာ ဝေါရှိလ်တွေကပ်ပီး လိုက်ရောင်းတာ။ ဒါနဲ့ ပေးတူးလဲ စိတ်ဝင်စားလို့ တစ်ခွေဝယ်ဖြစ်တယ်။ တစ်ခွေ ဘယ်လောက်လဲ အတိအကျတော့ မမှတ်မိတော့ဘူး။ ခင်ဗျားလဲ ရခိုင်သီချင်းလေးတွေ စိတ်ဝင်စားရင် အောက်က youtube လင့်လေးမှာ ကလစ်လုပ်လိုက်ပါနော်။။



ခင်မင်စွာဖြင့်

ပေတူး