Friday, June 25, 2010

Unlimtone or ringtones for jailbroken iphone

ပေတူး ဒီနေ့ ရှဲလ် ချင်တာကတော့ Unlimtones လို့ခေါ်တဲ့ Ringtones ဒေါင်းလုပ် ပရိုဂ၇မ်လေးပါ။ သူကိုတော့ Jailbreak အိုင်ဖုန်းတွေမှာ သာ အလုပ်လုပ်ပါတယ်။ Cydia ကနေတဆင့် သွားပြီး ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။ မိမိကြိုက်တဲ့ သီချင်းလေးတွေကို ပရိုဂရမ်းလေးထဲမှာ ရှာပြီး စိတ်ကြိုက်ကို ဒေါင်းလုပ်ထားလို့ရပါတယ်။


ပေတူး စမ်းတာကတော့ ကောင်းပါတယ်။ စမ်းကြည့်တာ 3g ကော်နက်ရှင်မှာ tones တွေကို နားထောင်လို့ရပီး wifi ကော်နက်ရှင်မှာ tonesတွေကို အစမ်းနားထောင်တာ မရဘူးဗျ။ စမ်းကြည့်ကြပါအုံး။


ကိုယ်စိတ်ကြိုက် သီချင်းကို ဖြတ်ညှပ်ကပ်ပြီး ringtone လုပ်ချင်ရင်တော့ Anyring ဆိုတဲ့ ပရိုဂရမ်ကို သုံးပါ။ သူကိုလဲပဲ jailbroken အိုင်ဖုန်းတွေမှာသာ အဆင်ပြေပါလိမ့်မယ်။ သူက ၁၅ရက် ဖရီးပေးထားပါတယ်။ ၁၅ရက် ပြည့်သွားပီးရင်တော့ ဝယ်ပေါ့ဗျာ။ မဝယ်ချင်ရင် ပေတူး ဆီမှာ crack repo ရှိတယ်ဗျ။ လိုချင်ရင် ပြောပါ။

Friday, June 18, 2010

arakan thu, rakhine thu, ရခိုင်သူ

ဒီသီချင်းလေးကို ပေးတူးတို့ မိသားစု စစ်တွေဘက်ကို အလည်သွားတုံးက ပေတူးဝယ်ခဲ့တာပါ။

အဲဒီနေ့က ထမင်းဆိုင်မှာ ထမင်းစားနေတုံး မားမားက သူတို့ ပုံမှန်သောက်နေကျ ဆေးတစ်မျိုးကုန်နေတာနဲ့ ပေးတူးကို ဝယ်ခိုင်းတယ်။ လမ်းတစ်ဖက် ဆေးဆိုင်မှာ ပေးတူး ဆေးသွားဝယ်ပေးရင် အဲဒီ သီချင်းကြော်ငြာကို တွေ့တာနဲ့ ဝယ်ခဲ့တာဗျ။

သီချင်းကြော်ငြာကတော့ သိတဲ့အတိုင်း တုတ်တုတ်ပေါ်မှာ ဝေါရှိလ်တွေကပ်ပီး လိုက်ရောင်းတာ။ ဒါနဲ့ ပေးတူးလဲ စိတ်ဝင်စားလို့ တစ်ခွေဝယ်ဖြစ်တယ်။ တစ်ခွေ ဘယ်လောက်လဲ အတိအကျတော့ မမှတ်မိတော့ဘူး။ ခင်ဗျားလဲ ရခိုင်သီချင်းလေးတွေ စိတ်ဝင်စားရင် အောက်က youtube လင့်လေးမှာ ကလစ်လုပ်လိုက်ပါနော်။။



ခင်မင်စွာဖြင့်

ပေတူး