Friday, March 25, 2011

တစ်ခါတလေတော့လည်း

တစ်ခါတလေတော့လည်း ကိုယ်ကိုကိုယ် အားမရဘူး။ တစ်ခါတလေတော့ လည်း လုပ်ချင်တာတွေ အရမ်းများနေတယ်။ တစ်ခါတလေတော့လည်း ဘာမှမလုပ်ဖြစ်ဘူး။

ငယ်ငယ်တုန်းက အင်္ဂလိပ်စာကို သေသေချာချာ မသင်ခဲ့တဲ့ အတွက် ကိုယ်ကိုကိုယ်နောင်တရနေမိတယ်။ ငယ်ငယ်တုန်းက မြန်မာဂီတ အခြေခံကို မသင်ခဲ့တဲ့အတွက် ကိုယ်ကိုကိုယ်နောင်တရနေမိတယ်။

တစ်ခါတလေတော့လည်း သူများတွေလို အလုပ်ထွက် တရားစခန်းလေး ဘာလေးဝင်.. ဟိုနိုင်ငံ ဒီနိုင်ငံလျှောက်လည် နိုင်ရင်ကောင်းမလား။ သူတို့ကတော့ အလုပ်ထွက်နိုင် လျှောက်လည် နိုင်တာပေါလေ။ စင်္ကာပူ နိုင်ငံသား တစ်ဝက်ကိုး။။။ ဘာဂရုစိုက်စရာလဲနော်။။။

တစ်ခါတလေတော့လည်း…….