Monday, September 13, 2010

Iphone Restriction Passcode Reset

ဟိုတစ်နေ့က ကျတော့ ညီအတွက် iphone တစ်လုံးဝယ်ပေးလိုက်တယ်။ အသစ်မဟုတ်ဘူးဗျ။ second လေးပါ။ 3GS ၃၂ဂစ် ကို ၇၀၀ ပေးရတယ်။ တန်တယ်လို့ပြောရမလားပဲ။

ဒါနဲ့ပါလာတဲ့ data တွေကို အလွယ်ဆုံး ဖျတ်ဖို့ Reset all settings ကနေဖြတ်မယ်ပေါ့။ Setting တွေကို Reset လုပ်မယ်လုပ်တော့ Restriction passcode တောင်းနေတယ်။ ဒါနဲ့ အရင် ဖုန်းပိုင်ရှင်ကို ပြန်မေးတော့ သူဘာမှမလုပ်ပါဘူးတဲ့။ ဒါဆို passcode ကိုပြုတ်အောင် ဘယ်လို လုပ်၇မလဲ လိုက်မွှေရှာကြည့်တော့ နည်းလမ်းတွေ့တယ်ဗျ။ ဖုန်းထဲက /var/mobile/library/preferences/ ကိုဝင် "com.apple.springboard.plist” ကို ဖျတ်လိုက်ရင် အိုကေမယ်တဲ့။ ဒါနဲ့ ဒီကောင်ကို ဝင်ဖို့တော့ နည်း အမျိုးမျိုးရှိတယ်။ winscp424 ဝင်ချင်ဝင်. ဒါမှမဟုတ် iphone application suite နဲ့လဲ ရတယ်။ ဒါမှမဟုတ် ifile ကနေဝင်ချင်ဝင်.. ဒါတွေ သုံးဖို့ ဖုန်းကတော့ jailbroken ဖြစ်ရပါမယ်။

ကျတော်ကတော့ ifile ကနေဝင်ပြီး ဖြတ်ချလိုက်တယ်။ တစ်ချို့ကတော့ အဲဒီထဲက ဒေတာတွေကို ဝင်ပြင်ရင် အဲဒီဖိုင်ကို ဖြတ်စရာမလိုဘူးဆိုပဲဗျ။ "com.apple.springboard.plist” ဖြတ်လိုက်တော့ ဖုန်းထဲမှာ သွင်းထားတဲ့ app တွေကို alphabetically ပြန်စီသွားတယ်။ winterboard setting ပြန်ချိန်ပေးရမယ်။ keyboard setting တွေ ပြန်ချိန်ပေး၇မယ်။ ဒါက တော့ အားနည်းချက်ပဲ။

လိုအပ်ရင် သုံးကြည့်ပါ…။

No comments:

Post a Comment